ယခုခါမူ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊
အမြိုက်တရား ပြောကြားမည့်သူ လူလည်းမရှား၊
သို့ပါလျက်သားနဲ့မူ...
တရားမလိုက် အမှားကိုကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊
အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ မြစ်နဒီတွင် ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ... ဟု
စလေဦးပုံည က `` ယုန်မင်းဝတ္ထု ´´ တွင် ဆိုခဲ့ပေသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment