ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်၊
တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါသွားရမည်၊
ဘယ်သွေးဘယ်သားမကယ်ပြီ၊
ဇရာမီးတောင်၊ ကိုယ်တည်းလောင်၊
သေအောင်မြိုက်တော့သည်၊
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြများလှပြီ၊
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ၊
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာတွင်လိမ့်မည်၊
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်သင့်ပြီ။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment