(၁) အများမုန်းစရာပ ခါးကုန်းလို့ဆံကေဖြူ၊
(၂) အသက်ကြီးပြန်တော့ ၊ ပျက်စီးကိုယ်ခန္ဓာက
အိုဒဏ်နာ ရန်ရှာ ချက်ကယ်ကြောင့်
ခွေယိုင်ကာ နေထိုင်ခက်လှတယ် နှောင့်ယှက်ဘေးထူ၊
(၃) မကြားပါ နားမှာ လေးတဲ့အပြင်
အားမပါ သွာလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
ရှေးငယ်မူနှင့် လွန်ကွာဝေး၊
(၄) အရိုးပဒေသာ အဘိုးဝေဒနာက
လေအလာကြွေကာ သက်ရှာမယ့်
နွေအခါ ရွှေဝါရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မယ်ထင့်
ချောင်းတဟက်ဟက်ကယ်နှင့်
(အိုကွယ်)….စောင်းလျက် မှိတ်မှေး။
(လှသိန်းဝင်း-ကနီ)
➳ သစ္စာပါရမီ မှကူးယူဖော်ပြပါသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment