ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Tuesday, September 15, 2015

သံဝေဂ ဂါထာ

လာတုန်းကလဲ တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

ပြန်သွားတော့လဲ တစ်ယောက်တည်းနော် 
လက်တွဲခေါ်ကာ ဖေါ်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ 
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်စောလျင် ခရီးနှင်သည်
တို့သည်ဧည့်သည်ပါတကား။

မင်းကွန်းဆရာတော် 

 ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

No comments:

Post a Comment