လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ, နာရ, သေရဦးမည်၊
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားရာမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေသတည်း။
ဇော်ဂျီ
No comments:
Post a Comment