၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင် ဖျက်သည်။
၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်၊
၄။ လက်စုံစား၊ မယားကောင်းလျက်၊ အမြှောင်ဖျက်သည်။
၅။ မောင်းသွင်းခူနင်း၊ ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြှောင်တောင် ဖျက်သည်။
၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ စီးပိုးဖျက်သည်။
၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။
၈။ က္ကုတ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။
၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်၊
၁၀။ ရဟန်းတရား၊ ကျင့်ပါများလျက်၊ အစားဖျက်သည်။
၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။
၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်။
၁၃။ တိုက်နှင့်ကျီကြ၊ ထုပ်လျောက်စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ် ဖျက်သည်။
၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။
၁၅။ ပဉ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက်သည်။
၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။
၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငံဖျက်သည်။
၁၈။ ဆီမီးတန်ဆောင်၊ ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။
၁၉။ က္ကုတ္ထိယမူ၊ ရူမလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။
၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။
(တောင်ဖီလာ ဆရာတော်)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment