ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Monday, July 11, 2016

အာသီဝိသောပမသုတ်

ဝိပဿနာ ဘာဝနာ ဆိုတာက အထူးပြောစရာ မလိုဘူး။
သူက နိဗ္ဗာန် မဂ်ဖိုလ် ကိုသာ ရည်စူး ပြီး အားထုတ် ရတာပဲ။
လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ရဖို့ အားထုတ်တာ မဟုတ်ဘူး။
ဝိပဿနာ ရှုတာ ဟာ နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ပဲ။
နိဗ္ဗာန် မဂ်ဖိုလ် တောင်မှ၊ နောင်အခါ ကာလမှ ရဖို့ မဟုတ်ဘူး။
လက်ငင်း ရဖို့ ရာ အားထုတ် ရတာ။
ဝိပဿနာ အားထုတ်လို့ ဝိပဿနာ ဉာဏ် ပြည့်စုံ လို့ ရှိရင်
ယခု လက်ငင်း တစ်ထိုင် အတွင်းလဲပဲ ရနိုင်တယ်။
၇ ရက် အတွင်း လဲပဲ ရနိုင်တယ်။
၁၅ ရက် အတွင်းလဲ ရနိုင်တယ်။
တစ်လ အတွင်းလဲ ရနိုင်တယ်။


(အာသီဝိသောပမသုတ်၊ မဟာစည်)

သစ္စာပါရမီ (စင်္ကာပူ) ဓမ္မဆုံးမစာများမှ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

No comments:

Post a Comment