ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါတကြွကြွ။
အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။
ဇရာဤဝဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ငါတကြွကြွ။
အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။
ဇရာဤဝဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း။
(မန်လည်ဆရာတော်)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment