ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Friday, September 4, 2015

သံဝေဂတေးထပ်

ကြိုတင်ကာ ပြင်ဆင်မှု,
နင်မပြုနေကာ၊ မမြင်ဘူ့သေမှာကို,
ဝေဒနာ ရှောင်တုန်း ၊
ဗျုံးကနဲ လာတဲ့ခါမှာ,
မာခဲ့တာ ရုပ်တွေကဆုံး၊
သေမင်းနှင့် ရင်ဆိုင်မည်,
နင်ပိုင်သည် ထင်အုံး၊
ပျော့ခွေကာ ရယ်မပြုံးနိုင်ဘူး,
ဘယ်မတုန်း နင့်ကိုယ်၊
ဝေဒနာ မလာတုန်းကတော့,
ငါတစ်လုံးနဲ့ ငါ့ကိုယ်လို့ဆို၊
ခုတော့ဖြင့် ငါသွားချင်သလို,
ငါ့အားအင် ပြိုနွဲ့လို့,
အိုမဲ့မဲ့ မထနိုင်, နုံးခွေလို့ ယိုင်၊
ငါနဲ့တော့ ဘာမဆိုင်ပြီ,
ငါပိုင်သည် ထင်အုံးဟဲ့လေး ...

ဝေဠုဝန် မိုးကုတ်ဝိပဿနာ မဂ္ဂင်ရိပ်သာ 
(တာချီလိတ်မြို့ ရှမ်းပြည် အရှေ့ပိုင်း)

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

No comments:

Post a Comment