စိတ် = အာရုံကို သိတတ်တဲ့ သဘောတရား (လုံးရေ အကျဉ်း ၈၉လုံး. အကျယ် ၁၂၁ပါး) ရှိသည်။ သို့သော် အာရုံကိုသိသော သဘောချည်းဖြစ်သော်ကြောင့် စိတ်သည် တစ်ပါးတည်းသာ ရှိသည်ဟု မှတ်ရမည်။ ဝိပဿနာရှုမည့်သူများအတွက် အာရုံသိစိတ် ၆ပါးကို သိလျှင်ပင် လုံလောက်ပေသည်။ စေတသိက် = စိတ်၌ မှီဖြစ်တဲ့ သဘောတရား ( လုံးရေ ၅၂ လုံး )
ရုပ် = ဖောက်ပြန်တတ်တဲ့ သဘောတရား (၂၈ ပါး)
နိဗ္ဗာန် = အိုနာသေကင်းသော အငြိမ်းဓါတ်။ ပညတ် သည် ပရမတ် ၄မျိုးကလွှဲပြီး ကျန်တာ အားလုံးကို ပညတ်လို့ချည်း မှတ်တယ်။
ဝိပဿနာမှု မည်သည် ဉာဏ်ပညာမှုဖြစ်၏။ ဉာဏ်ပညာ အဟုတ်အဟတ် ထိုးထွင်းပေါက် ရောက်အောင် ထင်နိုင်မြင်နိုငပေလျှင် ကိစ္စပြီး၏။ ထို့ကြောင့် ဉာဏ်ပညာထက် သန်သော ပုဂ္ဂိုလ်တို့မှာ ထိုကာယကတာသတိ (အာနာပါန နှင့်လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်ကို ရှုမှတ်မှု) ပွားများမှုကို အထူးအားမထုတ်သော်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကောင်းကောင်းထင်မြင်၍သွားလျှင် ပြီးစီးပါ၏။ (လယ်တီဒီပနီပေါင်းချုပ် ဒုတိယတွဲ အနတ္တဒီပနီ စာမျက်နှာ ၄၅၅)။
စိတ်= အာရုံကို သိတတ်တဲ့ သဘောတရား (လုံးရေ အကျဉ်း ၈၉လုံး. အကျယ် ၁၂၁ပါး) ရှိသည်။ သို့သော် အာရုံကိုသိသော သဘောချည်းဖြစ်သော်ကြောင့် စိတ်သည် တစ်ပါးတည်းသာ ရှိသည်ဟု မှတ်ရမည်။ ဝိပဿနာရှုမည့်သူများအတွက် အာရုံသိစိတ် ၆ပါးကို သိလျှင်ပင် လုံလောက်ပေသည်။
အာရုံသိစိတ် ၆ပါး
မြင်သိစိတ် အဆင်းတစ်ခုခုကို မြင်သည်နှင့်သိ၏။
ကြားသိစိတ် အသံတစ်ခုခုကို ကြားသည်နှင့် ဒါဘာသံပဲ ဟုသိ၏။
နံသိစိတ် အနံ့တစ်ခုခုကို နံသည်နှင့် ဒါနံ့ပဲဟု သိ၏။
စားသိစိတ် အရသာတစ်ခုခုကို စားသည်နှင့် ဒါဘာအရသာပဲ ဟုသိ၏။
ထိသိစိတ် ကိုယ် လက်ခြေ တစ်ခုခုနှင့် ထိသည်နှင့် သိ၏။
တွေးကြံသိစိတ် အာရုံတစ်ခုခုကို တွေးတောကြံစည်လိုက်သည်နှင့် သိ၏။
စိတ်သည် တစ်က္ကန့်လျှင် ကုဋေတစ်သိန်းကျော် ဖြစ်ပျက်နေသည်။
စေတသိက် =စိတ်၌မှီဖြစ်တဲ့သဘောတရား (လုံးရေ ၅၂လုံး) စေတသိက်၏ သဘောသည် ခြယ် လှယ်တတ်သော သဘောဖြစ်၏။
အကုသိုလ်စေတသိက်
လူတစ်ယောက်ကို မြင်သောအခါ စိတ်က သိရုံသာသိ၏။ ထို့ကြောင့် ကုသိုလ် အကုသိုလ်လို့ မဆိုရ သေး။ စေတသိက်က ထိုမြင်လိုက်ရသော လူသည် ချောသည် ဆိုလျှင် နှစ်သက်သော လောကစေ တသိက် ပေါ်၏။ ထိုလောဘစေတသိက်နှင့် ပေါင်းမိသောကြောင့် ပကတိ ဖြူစင်နေသော စိတ်သည် လောဘစိတ်ဖြစ်သွား၏။ ထိုလူသည် ရုပ်ဆိုး ဆိုလျှင် မနှစ်သက်သော ဒေါသ စေတသိက်ဖြစ်လာ၏။ ထိုအခါ ဒေါသစိတ် ဖြစ်သွား၏။ ထိုလူသည် ရုပ်ချော ရုပ်ဆိုးမဟုတ်။ သာမာန်လျှင် လူသည် ပညတ် (ပရမတ်အရ မရှိသောတရား) ဖြစ်သော်ကြောင့် မောဟစေတိသက်ဖြစ်ပြီး မောဟစိတ် ဖြစ်သွား၏။
ကုသိုလ်စေတသိက်
ရဟန်းတစ်ပါးကို တွေ့ပြီး မြင်သိစိတ်က ဒါ ရဟန်းတစ်ပါးလို့သိတယ်။ ထိုအချိန်မှာသဒ္ဒါစေတသိက် ပေါ်လာသည်။ သူပေါ်သည်နှင့် ကြည်ညိုစိတ်ဖြစ်ပြီး ကုသိုလ်အမည်ရပြန်လေ၏။ (ဤဥပမာကို ကြည့် ခြင်းဖြင့် စေတသိက်သည် အရှိတရားဖြစ်သည်။)
ရုပ် = ဖောက်ပြန်တတ်တဲ့ သဘောတရား (၂၈ ပါး)
ရုပ်ဓါတ် ၂၈ ပါးတွင် တစ်ပါးလောက်ကို ပရမတ်သိအောင် သဘောတရားဆိုက်နိုင်လျှင် မဂ်ဖိုလ် ကိစ္စပြီးနိုင်၏။ အပါယ်တရားလည်း ပိတ်၏။
မဟာဘူတာ
ပထဝီဓါတ် = မာသဘော၊ ပျော့သဘော
အာပေါဓါတ် = ဖွဲ့စည်းသဘော၊ ယိုစီးသဘော
တေဇောဓါတ် = ပူခြင်းသဘော၊ အေးခြင်းသဘော
ဝါယောဓါတ် = တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော။
ရုပ်ဓါတ် ၂၈ပါးတွင် ယင်း ၄ပါးသည် အမှီခံဖြစ်သည်။ ထိုထဲတွင် ပထဝီဓါတ်သည် အမှီခံရဆုံး ဖြစ်၏။
တစ်စက္ကန့်ကို ကုဋေ ၅၈၈၀ ကျော် ဖြစ်ပျက်နေသည်။အညွန်း- အရှင်ဇဝန (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ ၁+၂၊ မဂ်ဖိုလ်ရရန်အဆင့်ဆင့်၊ မယ်တော်ကြီးထံ ဝိပဿနာပေးစာ၊ မဂ်တားဖိုလ်တားအန္တရာယ်များ စာအုပ်၊
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment