ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Thursday, August 20, 2015

ဒွိဟိတ်၊ တိဟိတ် ခွဲခြားနည်း

လယ်တီဆရာတော်ဘုရားကြီး၏ တိဟိတ်အဆုံးအဖြတ်
~~~~~~~~~~~~~~~     ~~~~~~~~~~~~~~~~~~~~

ဆရာတော်ဘုရားကြီးက ဓါတ်တွေ၊ ပရမတ်တွေကို မပျင်းမရိစိတ်ဝင်စားတယ်။ မဂ်ဖိုလ်ကို ပြင်းပြင်း ထန်ထန် လိုချင်တယ်ဆိုရင် တိဟိတ်လို့ မှတ်လို့ မိန့်တော်မူတာကို တစ်ဆင့်မှတ်သားရဘူးပါတယ်။

သေက္ချတောင်ဆရာတော် ဦးတိလောက
~~~~~~~~~~~      ~~~~~~~~~~~~~

မိမိဒွိဟိတ်လား၊ တိဟိတ်လား သိချင်ရင် သမထ၊ ဝိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့် လိုက်ပါ။ သမထဘာဝနာ ပွားကြည့်လို့ ပဋိဘာဂနိမိတ်ကိုရရင် တိဟိတ် လို့သိပါ။ ဝိပဿနာ ဘာဝနာပွားကြည့်လို့ ဥဒယဗ္ဗယဉာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လဲ တိဟိတ်လို့သိပါ။

ပဋိဘာဂနိမိတ်ထင်ပုံ

ပဋိဘာဂ ဆိုသည်မှာ မြန်မာလို အတူ (သို့) အတု ဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။

ဥပမာ – ပထဝီကသိုဏ်းကို အားထုတ်တဲ့သမထသမားတစ်ယောက်ဟာ မြေညက်ကိုယူပြီး မိမိတထိုင်သာသာ အမြင့်နံရံမှာ အဝိုင်းတစ်ခုလုပ်ပြီး ကပ်ထားရပါမယ်။ အဲဒီမြေဝိုင်းကို စိုက်ကြည့်ပြီး ပထဝီကသိုဏ်း – မြေဝိုင်း- မြေဝိုင်းလို့ စိတ်ထဲဆိုနေရပါတယ်။ စျာန်နားနီးလာတဲ့ ဥပစာရသမာဓိ အဆင့်ဆင့် လောက်ရောက်ပြီဆိုရင် အဲဒီမြေဝိုင်းကြီးဟာ မျက်စိထဲက မပျောက် တော့ဘူး။ မျက်စိဖွင့်ထားသည်ဖြစ်စေ၊ မှိတ်ထားသည်ဖြစ်စေ အဲဒီမြေဝိုင်းကြီးကို တမြင်တည်း မြင်နေတော့တာပဲ။ အဲဒီလို သမာဓိစွမ်းအားကြောင့် မျက်စိထဲမှာမြင်လာတဲ့မြေဝိုင်းဟာ နံရံမှာ ကပ်ထားတဲ့မြေဝိုင်း မဟုတ်တော့ဘူး။ အတုပေါ်လာတဲ့မြေဝိုင်းတစ်ခုပဲ။ ဒါ့ကြောင့် မျက်စိထဲမှာ အလိုလိုမြင်လာတဲ့မြေဝိုင်းကို ပဋိဘာဂနိမိတ် လို့ သမထအရာမှာ သုံးပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး
~~~~~~~~~   ~~~~~~~~~~~

တိဟိတ်ဟုတ်ပါ့မလား၊ ဒွိဟိတ်များ ဖြစ်နေမလားနဲ့။ ဒါက ဘုရားရှင်အရာ ကိုယ့်အရာ မဟုတ်ဘူး။ ဒီတော့ အကျိုးမများမှာကို မတွေးကြနဲ့။ အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန်။ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲ ဆိုတာ သံသယ မရှိကြနဲ့။ မိမိဟာ ဒွိဟိတ်ဖြစ်နေစေဦးတော့ ဝိပဿနာတရားကိုတော့ ကြိုးကို ကြိုးစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြိုးစားတဲ့အတွက် အလကား မဖြစ်ပါဘူး။ ဒီဘဝမဂ်ဖိုလ်မရဘူးပဲထား။ စူဠသောတာပန်ပုထုဇဉ်အဖြစ်ကတော့ ဧကန်မုချရောက်ပါတယ်။ ဒီအဆင့်ရောက်တယ်ဆိုရင် သုဂတိဘဝလည်းမြဲတယ်။ နောက်ဘဝ နတ်ပြည်ကျရင်လည်း မဂ်ဖိုလ်ကို တစ်ခဏချင်းရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သောတာနုဂတသုတ်မှာ ဟောတော် မူထားပါတယ်။


❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

No comments:

Post a Comment